ESEAP မဟာဗျူဟာ ထိပ်သီးအစည်းအဝေး ၂၀၂၅
ESEAP မဟာဗျူဟာ ထိပ်သီးအစည်းအဝေး ၂၀၂၅ သည် ESEAP ဒေသတွင်းရှိ ဝီကီမီဒီယာ နှီးနွယ်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ပုဂ္ဂိုလ်များအတွက် ကျင်းပပြုလုပ်မည့် ညီလာခံတစ်ခု ဖြစ်သည်။ လှုပ်ရှားမှု ပဋိညာဉ်၊ ESEAP ကွန်ယက် နှင့် ယင်း၏ ပဋိညာဉ်အပါအဝင် လှုပ်ရှားမှု မဟာဗျူဟာ အကြောင်း ဆွေးနွေးကြမည် ဖြစ်သည်။ မလေးရှားနိုင်ငံ ကိုတာကီနာဘူလာတွင် ပြုလုပ်ခဲ့သော ESEAP ညီလာခံ ၂၀၂၄တွင် တက်ရောက်ခဲ့သူများက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အား အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ကြသည်။
-
Group photo. 23 May 2025.
နောက်ခံ
အရှေ့၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသသည် ဝီကီမီဒီယာအသိုင်းအဝိုင်းအတွင်းတွင် အနည်းဆုံး ကိုယ်စားပြုထားသော ဒေသများဖြစ်သည်။ ကျွန်ုပ်တို့၏ဒေသများတွင် ဝီကီမီဒီယာအား ပံ့ပိုးသူ များစွာရှိသော်လည်း ကောင်းမွန်စွာ စီမံခန့်ခွဲထားသော အသိုက်အဝန်းတစ်ခုတည်ထောင်နိုင်ရန် ဆက်တိုက် ရုန်းကန်နေရဆဲဖြစ်သည်။ ဤညီလာခံက ESEAP အသိုင်းအဝိုင်းအမျိုးမျိုးမှ ပါဝင်သူများကို ပိုမိုနားလည်စေရန်နှင့် ဖြေရှင်းနည်းများကို ရှာဖွေရန် စုစည်းပေးသွားမည်ဖြစ်သည်။ ၎င်းသည် ESEAP ဒေသများအတွင်းရှိ ဝီကီမီဒီယာ လှုပ်ရှားမှု၏ လူများကို ဆက်သွယ်ရန်၊ စိတ်ကူးများကို မျှဝေရန်နှင့် အွန်လိုင်းဆက်သွယ်မှုမှတစ်ဆင့် မဖြစ်နိုင်သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန် ရည်ရွယ်ထားသည်။
မျှော်မှန်းချက်များ
ဝီကီမီဒီယာ မဟာဗျူဟာ ထိပ်သီးညီလာခံအား စီစဉ်ရခြင်းမှာ
- ယခင် ထိပ်သီးအစည်းအဝေးများတွင် ဆွေးနွေးခဲ့သည့် အကြောင်းရင်းများအပေါ် အခြေခံ၍ လက်ရှိ ESEAP ဒေသ၏ ဗျူဟာရေး ဦးတည်ချက်များကို နောက်ဆက်တွဲလေ့လာရန်နှင့် အခြေအနေကို ပြန်လည်သုံးသပ်ရန်အတွက်လမ်းကြောင်းတစ်ခု ပေးရန်။
- ပွင့်လင်းပြီး ပါဝင်သော လူမှုအသိုင်းအဝိုင်း ဆွေးနွေးပွဲများ ဖန်တီးပြီး ESEAP ဒေသအတွင်းရှိ နိုင်ငံများအကြား အနာဂတ် ယဉ်ကျေးမှုများ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်နိုင်ရန်။
- လှုပ်ရှားမှု ဗျူဟာ လုပ်ငန်းအဖွဲ့ဝင်များနှင့် ဆွေးနွေးရန် အသိုင်းအဝိုင်းဝင်များအတွက် နေရာတစ်ခုဖြစ်လာပြီး ၎င်းတို့၏ လုပ်ငန်းအဖွဲ့များတွင် ဆွေးနွေးမှုများတွင် ယေဘုယျအားဖြင့် ပေါ်ပေါက်လာသော ကိစ္စရပ်များ သို့မဟုတ် စိုးရိမ်မှုများနှင့် ပတ်သက်၍ ပါဝင်သူများအား လမ်းညွှန်ပေးနိုင်ရန်။ ဤသည်မှာ ရှင်းလင်းချက်များ ပေးခြင်း၊ အနာဂတ် စင်္ကြံများကို နမူနာပေးခြင်း၊ သတ်မှတ်ထားသော အလုပ်အဖွဲ့များတွင် အလုပ်အတွေ့အကြုံများကို မျှဝေခြင်းတို့ အပါအဝင်ဖြစ်ပြီး မကန့်သတ်ထားပါ။
- ဝီကီမီဒီယာ အသိုင်းအဝိုင်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် စီစဉ်ခြင်း၊ စေတနာ့အကျိုးဆောင်များ ပါဝင်ခြင်းနှင့် နည်းပညာ စိန်ခေါ်မှုများအတွက် ထောက်ပံ့မှု တည်ဆောက်ရန်။
- Event Details
- နေရာ: ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့
- ရက်စွဲ: ၂၃-၂၅ မေ ၂၀၂၅
- ကျွန်ုပ်တို့အား ဆက်သွယ်ရန်
- အိမ်ရှင်များ:
မနီလာမြို့တွင် ESEAP မဟာဗျူဟာ ထိပ်သီးညီလာခံ ကျင်းပရန်အတွက် ဖိလစ်ပိုင် ဝီကီမီဒီးယန်းများ၏ ပူးတွဲ ထုတ်ပြန်ချက်
