လှုပ်ရှားဆောင်ရွက်မှု ပဋိဉာဉ်စာတမ်း/မူကြမ်းရေးဆွဲရေး ကော်မတီ/MCDC မဲဆန္ဒရှင် အီးမေးလ် စာတို ၁၂-၁၀-၂၀၂၁

From Meta, a Wikimedia project coordination wiki
This page is a translated version of the page Movement Charter/Drafting Committee/MCDC Voter Email short 12-10-2021 and the translation is 100% complete.

လှုပ်ရှားဆောင်ရွက်မှု ပဋိဉာဉ်စာတမ်း မူကြမ်းရေးဆွဲရေး ကော်မတီအတွက် အဖွဲ့ဝင်များ ရွေးကောက်တင်မြှောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းအား ယခု ဖွင့်လှစ်လိုက်ပါပြီ။ ဤရွေးကောက်ပွဲ၌ ကမ္ဘာတစ်ဝှမ်းမှ ဝီကီမီဒီယန် စုစုပေါင်း ၇၀ ဦးသည် မဲဆန္ဒနယ် ၇ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိပါသည်။

ဆန္ဒမဲပေးခြင်းအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ပါသည် (ကမ္ဘာတဝှမ်း မည်သည့်ဒေသ၌မဆို)။

ကော်မတီတွင် အဖွဲ့ဝင်စုစုပေါင်း ၁၅ ဦး ပါ၀င်မည် : အွန်လိုင်းအဖွဲ့များမှ ရွေးချယ်မည့် အဖွဲ့ဝင် ၇ ဦး၊ ဝီကီမီဒီယာလုပ်ငန်းခွဲများ၌ တပြိုင်တည်း ရွေးချယ်ပေးမည့် အဖွဲ့ဝင် ၆ ဦး ဖြစ်ပြီး ကျန်အဖွဲ့ဝင် ၂ ဦး အား ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ ခန့်အပ်ပေးမည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ နို၀င်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ ကော်မတီဖွဲ့နိုင်ရန် စီစဉ်ထားသည်။

မဲပေးရန် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ အကြောင်းအား နှစ်သက်ရာ ဘာသာစကားဖြင့် ဖတ်ရှုလေ့လာရန်: <https://meta.wikimedia.org/wiki/Special:MyLanguage/Movement_Charter/Drafting_Committee/Candidates>

မူကြမ်းရေးဆွဲရေးကော်မတီအကြောင်း လေ့လာရန်: <https://meta.wikimedia.org/wiki/Special:MyLanguage/Movement_Charter/Drafting_Committee>

ဤရွေးကောက်ပွဲအတွက် မဲပေးခြင်းဆိုင်ရာ အကြံဉာဏ်များပေးရန် လျှောက်လွှာအား စမ်းသပ်ဆောင်ရွက်နေပါသည်။ ကိရိယာတန်ဆာပလာ (tool) အား သင်ကိုယ်တိုင် ကလစ်နှိပ်ကြည့်၍ သင်နှင့် အနီးစပ်ဆုံး၌ မည်သည့်ကိုယ်စားလှယ်လောင်းဖြစ်သည်ကို ကြည့်လိုက်ပါ ! ဤနေရာသို့ ဝင်ကြည့်ပါ <https://mcdc-election-compass.toolforge.org/>

အသိပေးကြေညာချက်အပြည့်အစုံကို ဖတ်ရန်: <https://meta.wikimedia.org/wiki/Special:MyLanguage/Movement_Charter/Drafting_Committee/Elections>

SecurePoll သို့ သွားရောက် မဲပေးရန်: <https://meta.wikimedia.org/wiki/Special:MyLanguage/Movement_Charter/Drafting_Committee/Elections>

လေးစားစွာဖြင့်/

လှုပ်ရှားဆောင်ရွက်မှုမဟာဗျူဟာ နှင့် အုပ်ချုပ်ရေးဆိုင်ရာ အစိုးရအဖွဲ့၊ ဝီကီမီဒီယာ ဖောင်ဒေးရှင်း