ESEAP ကွန်ဖရင့် ၂၀၂၂/တက်ရောက်ခြင်း

From Meta, a Wikimedia project coordination wiki
This page is a translated version of the page ESEAP Conference 2022/Attend and the translation is 73% complete.
Outdated translations are marked like this.

ဆစ်ဒနီတွင် ကျင်းပမည့် ESEAP ၂၀၂၂ ကွန်ဖရင့်အား တက်ရောက်ရန်အတွက် ဝီကီမီဒီယန်းများ အားလုံးကို ကြိုဆိုပါသည်။ မှတ်ပုံတင်ခြင်းကို မကြာမီတွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။ ကွန်ဖရင့်တက်ရောက်ရန် ESEAP အသိုင်းအဝိုင်း၏ အဖွဲ့ဝင်များအားလုံးအတွက် စကောလားရှစ် လျောက်လွှာများအား လက်ခံပေးသွားမည် ဖြစ်ပါသည်။

Grant funding provided two scholarships for each affiliate, plus an equal number of additional open scholarship applications to members of the ESEAP community. Remaining participants include the Wikimania 2023 Core Organizing Team, Wikimedia Foundation staff and a Board member, presenters, regional committee members and alliance partners, plus a number of supporting Australian community members.

စကောလားရှစ်တွင် အောက်ပါ ကုန်ကျစရိတ်များအတွက် ထောက်ပံ့ပေးမည် ဖြစ်သည်။

  • ဗီဇာ (ပြည်ဝင်ခွင့်) လျောက်ခြင်းများ
  • လေကြောင်းခရီးစဉ်
  • တည်းခိုနေထိုင်ခြင်း

တက်ရောက်သူများအနေဖြင့် မိခင်နိုင်ငံမှ ထွက်ခွာခြင်းနှင့် မိခင်နိုင်ငံသို့ ပြန်ခြင်းများအတွက် လိုအပ်သော ကိုဗစ်ဆိုင်ရာ သတ်မှတ်ချက်များအား ပြည့်မှီစေရန် သတိပြုပါ။ တက်ရောက်သူများအား ခရီးသွားအာမခံထားရှိရန် တိုက်တွန်းပါသည်။ လေကြောင်းခရီးစဉ် စီးနင်းနေစဉ်အတွင် နှာခေါင်းစည်းတပ်ဆင်ထားရန် လိုအပ်ပြီး ရောက်ရှိချိန်တွင် လက္ခဏာများ ပြသနေပါက ဆစ်ဒနီလေဆိပ်တွင် စစ်ဆေးမှု ခံယူနိုင်ပါသည်။

ဩစတြေးလျနိုင်ငံရှိ ကိုဗစ်အခြေအနေ

လတ်တလော ကျွန်ုပ်တို့ သိရှိထားသမျှအနေဖြင့် ခရီးသွားလာခြင်းနှင့် ကိုဗစ်နှင့် ပတ်သက်သော အခြေအနေများသည် အချိန်တိုအတွင်းတွင် အပြောင်းအလဲ ဖြစ်နိုင်ပါသည်။ ဩစတြေးလျသို့ လာရောက်မည့်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးထားရန် မလိုအပ်ကြောင်း ဇူလိုင် ၆ ရက်နေ့အထိ သိရပါသည်။ သို့သော်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် ကာကွယ်ဆေးထိုးထားရန် ESEAP က အကြံပြုပါသည်။ ဆစ်ဒနီတွင် နေထိုင်စဉ်အတွင်း NSW ရှိ လတ်တလော သတ်မှတ်ချက်များနှင့် ပြည်ပ ခရီးသွားများအတွက် ထပ်ဆောင်းအချက်အလက်များကို ကျေးဇူးပြုပြီး လေ့လာထားပါ။

စကောလားရှစ် လျောက်ခြင်း

စကောလားရှစ် လျောက်လွှာများအား ၂၀၂၂ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ၁၂:၀၀ UTC အထိ ဖွင့်လှစ်ခဲ့ပါသည်။ အောင်မြင်သော လျောက်လွှာများအား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ တွင် အသိပေးမည် ဖြစ်သည်။

အဓိက သတ်မှတ်ချက်များ

ESEAP ကွန်ဖရင့်၏ ရည်ရွယ်ချက်မှာ ပါဝင်ဆောင်ရွက်ကြသော မတူကွဲပြားသည့် အသိုင်းအဝိုင်းများအား တိုက်တွန်းခြင်းနှင့် အနာဂတ်တွင် ESEAP အသိုင်းအဝိုင်းအား ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ကွန်ဖရင့်တက်ရန် အထောက်အပံ့လိုအပ်ပါက လူတိုင်းအား စကောလားရှစ် လျောက်ရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ စကောလားရှစ်အတွက် စဉ်းစားမည့် သတ်မှတ်ချက်များမှာ လှုပ်ရှားမှုအပေါ် သက်ရောက်မှုရှိခြင်းအပေါ်တွင် မူတည်ပါသည်။

  • အွန်လိုင်း လှုပ်ရှားမှုများ
  • ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုများ
  • outreach နှင့် အော့ဖ်လိုင်း လှုပ်ရှားမှုများ
  • နှီးနွယ်အဖွဲ့အစည်းများတွင် ပါဝင်မှု (ရှိပါက)

သင့်အားထုတ်မှုများအတွက် မီးမောင်းထိုးဖော်ပြပေးရန်နှင့် ဖြစ်စဉ်စာမျက်နှာများနှင့် အစီရင်ခံစာများသို့ လင့်ခ်များ ထောက်ပံ့ပေးရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ အောင်မြင်သော လျောက်လွှာများ လျောက်ထားသူများအား ကွန်ဖရင့်အပြီးတွင် သူတို့၏ တက်ရောက်မှုနှင့် ပတ်သက်၍ အစီရင်ခံစာရေးသားရန် လိုအပ်မည် ဖြစ်ပါသည်။

ဆစ်ဒနီသို့ ခရီးသွားခြင်း

ဗီဇာ (ပြည်ဝင်ခွင့်)

သင့်အတွက် ETA 601 ဗီဇာအမျိုးအစား မရနိုင်ပါက အလည်အပတ်ဗီဇာ Visitor Visa subclass 600 အား လျောက်ထားရန် ကျွန်ုပ်တို့ အကြံပြုပါသည်။ ပြည်ဝင်ခွင့်အများစုလျောက်ထားခြင်းအတွက် လက်ရှိ လုပ်ဆောင်ပေးချိန်မှာ ၃၅ ရက် ခန့် ကြာမြင့်သောကြောင့် ယခုပင် ဤနေရာတွင် စတင်ပါ။ ကွန်ဖရင့်စီစဉ်သူများထံမှ ထောက်ခံစာများ လိုအပ်ပါက ကျေးဇူးပြု၍ eseap.conf@wikimedia.org.au သို့ ဆက်သွယ်ပါ။