Wikipedia 15/MassMessages/Initial announcement

From Meta, a Wikimedia project coordination wiki
Jump to navigation Jump to search
This page is a translated version of the page Wikipedia 15/MassMessages/Initial announcement and the translation is 100% complete.

အကြောင်းအရာ။ ဝီကီပီးဒီးယား၏ ၁၅ နှစ်မြောက် မွေးနေ့

ဝီကီပီးဒီးယားရဲ့ ၁၅ နှစ်မြောက်မွေးနေ့နှင့် ဝီကီမီဒီယာ လှုပ်ရှားမှု တို့ မကြာမီ လာပါမယ်! ဇန်နဝါရီ ၁၅၊ ၂၀၁၅ မှာ ကျင်းပရန် အစီအစဉ်တွေ ဆွဲဖို့ ကျွန်ုပ်တို့ တက်ကြွစွာ လုပ်ဆောင်နေပါတယ်။

၁၅ နှစ်ပတ်လည်အတွက် အစီအစဉ်တွေ စတင်ဖို့အနေနဲ့ မေတာမှာ ဝီကီပီးဒီးယား ၁၅ စာမျက်နှာရှိပါတယ်။ နောက်ဆုံးအနေနဲ့ စာမျက်နှာရရှိနိုင်အောင် စီစဉ်ထားတဲ့ ရင်းမြစ်တွေကတော့

  1. ၁၅ နှစ်ပတ်လည်ကို ဆင်နွှဲနိုင်ဖို့ အစီအစဉ်ချခြင်း၊ ဒေသတွင်းတွေ့ဆုံမှုတွေ လုပ်နိုင်ဖို့ အချက်အလက်များ။
  2. မွေးနေ့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဇာတ်လမ်းတွေ၊ ဝီကီပီးဒီးယား ဆောင်းပါးနဲ့ အခြားမီဒီယာတွေ ဝေမျှနိုင်ဖို့ သတင်းအချက်အလက်များ။
  3. သင့်ရဲ့ ပွဲအတွက် ဒေသတွင်း မီဒီယာတွေမှာ အမွန်းတင်ရေးသားနိုင်ဖို့ အကြံပြုချက်များ။

မေတာစာမျက်နှာမှာရှိတဲ့ အချို့အပိုင်းတွေက ယခုအချိန်မှာ ဗလာဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ သင်နှင့်အတူ ပူးပေါင်းပြီး ဇန်နဝါရီလမှာ မွေးနေ့ပွဲ ဆင်နွှဲပြီးသည်အထိ နောက်လများမှာ အချက်အလက်တွေ ထပ်မံထည့်သွင်းကြမှာပါ။ ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ် ထည့်သွင်းပါ၊ တည်းဖြတ်ပါ၊ ပြီးတော့ ဝီကီပီးဒီးယား ၁၅ နှစ်မြောက်မွေးနေ့မှာ ဘာတွေမြင်တွေ့လိုသလဲဆိုတာကို ဆွေးနွေးပါ။

သင်နှင့်အတူ ဆင်နွှဲနိုင်ဖို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်!

-ဝီကီမီဒီယာ ဖောင်ဒေးရှင်း ဆက်ဆံရေးအဖွဲ့